ကိုယ်ရေးကိုယ်တာအချက်အလက်များ လုံခြုံရေးဆိုင်ရာမူဝါဒများ

Little Stars English Language Learning Application မှ ကြိုဆိုပါတယ်။

ဤကိုယ်ရေးကိုယ်တာအချက်အလက်များ လုံခြုံရေးဆိုင်ရာမူဝါဒ (ဤနေရာမှစ၍ “မူဝါဒ” ဟု ခေါ်ဆိုသွားမည် ဖြစ်သည်။) သည် Little Stars English Language Learning Application (ဤနေရာမှ စ၍ “ကျွန်ုပ်တို့”၊ “ကျွန်ုပ်တို့ကို”၊ “ကျွန်ုပ်တို့၏” ဟု သင့်တော်သလို ခေါ်ဆိုသွားမည်ဖြစ်သည်။) မှ သုံးစွဲသူ (ဤနေရာမှ စ၍ “သင်”၊ “သင့်”၊ “သင်၏” ဟု သင့်တော်သလို ခေါ်ဆိုသွားမည်ဖြစ်သည်။) မှ ကျွန်ုပ်တို့၏ Little Stars English Language Learning Application (ဤနေရာမှ စ၍ “အက်ပလီကေးရှင်း” ဟု ခေါ်ဆိုသွားမည်ဖြစ်သည်။) ကို အသုံးပြုရာတွင် သင့်၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များအား စုဆောင်းခြင်း၊ ထိန်းသိမ်းထားခြင်း၊ အသုံးပြုခြင်း၊ ထုတ်ဖော် ပြောကြားခြင်းနှင့် စပ်လျဉ်း၍ အဓိကရည်ရွယ်ပြုလုပ်သော အချက်အလက်လုံခြုံရေးဆိုင်ရာမူဝါဒတစ်ရပ် ဖြစ်ပါသည်။

သင်သည် “အက်ပလီကေးရှင်း” မှ ဝန်ဆောင်မှုများကို ရှာဖွေ ကြည့်ရှုခြင်း သို့မဟုတ် “သင့်” အကောင့်ကို အသုံးပြုခြင်းဖြင့် ဤ“မူဝါဒ”တွင် ဖော်ပြထားသော သဘောတူညီချက်များကို ဖတ်ရှုပြီး ဖြစ်ကြောင်းနှင့် ထိုသဘောတူညီချက်များကို နားလည်ပြီးသဘောတူ လက်ခံသည်ဟု မှတ်ယူပါမည်။

ဤမူဝါဒပါ သဘောတူညီချက်များကို “လက်ခံသည်” ဟူသော ခလုတ်အား နှိပ်ခြင်းဖြင့် သော်လည်းကောင်း သို့မဟုတ် “အက်ပလီကေးရှင်း”ကို အသုံးပြုရန် “သင်”၏ ကိုယ်ရေးအချက်အလက်များ ဖြည့်စွက်ခြင်းဖြင့် လည်းကောင်း အီလက်ထရောနစ်ဖြင့် လက်မှတ် ရေးထိုးစရာ မလိုပဲ အပြုအမူအားဖြင့် ဤမူဝါဒပါ သဘောတူညီချက်များသည် သင်နှင့် ကျွန်ုပ်တို့ကြား စာချုပ်တစ်စောင်ကဲ့သို့ ဥပဒေအရ စည်းနှောင်မှု ရှိမည် ဖြစ်ပါသည်။

ဤမူဝါဒတွင် ဖော်ပြထားသော စကားလုံး၊ ဝေါဟာရများသည် အခြား အဓိပ္ပာယ် သတ်မှတ်ထားခြင်း မရှိလျှင် ဤမူဝါဒကို အသုံးပြုရာတွင် လိုအပ်သည့် စည်းမျဉ်းစည်းကမ်းများတွင် ပါဝင်သော ဝေါဟာရများ သကဲ့သို့ အဓိပ္ပာယ် သက်ရောက်မှု ရှိမည် ဖြစ်ပါသည်။

၁။ ကျွန်ုပ်တို့ တောင်းခံသော အချက်အလက်များ
  1. ၁.၁။ “သင်”သည် “အက်ပလီကေးရှင်း”မှ ဝန်ဆောင်မှုများကို အသုံးပြုလိုသည့်အတွက် “သင်”၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကို “ကျွန်ုပ်”တို့အား မိမိသဘောဆန္ဒအလျောက် ပေးအပ်ခြင်း ဖြစ်ပါသည်။
  2. ၁.၂။ “သင်”သည် “အက်ပလီကေးရှင်း”တွင် သုံးစွဲသူအဖြစ် အကောင့် မှတ်ပုံတင်သည့်အခါ “ကျွန်ုပ်တို့”က “သင့်”ထံမှ အောက်ပါ အချက်အလက်များကို စုဆောင်းမည် ဖြစ်ပါသည် -
    1. (က) ကိုယ်ရေးအချက်လက်များ- “သင့်”၏ နာမည်အရင်း အပြည့်အစုံ၊ အသက်၊ လိင်အမျိုးအစား၊ မှတ်ပုံတင်နံပါတ်၊ မွေးနေ့၊ ဖုန်းနံပါတ်၊ အမြဲနေထိုင်သည့် နေရပ်လိပ်စာ၊ အီးမေလ်လိပ်စာ တို့ စသည်တို့ ပါဝင်ပြီး “အက်ပလီကေးရှင်း”မှ တောင်းဆိုသည့်အခြားအချက်အလက်များလည်း ပါဝင် သည်။
    2. (ခ) အကောင့် အချက်အလက်များ- အကောင့်၏ ကိုယ်ပိုင်အမှတ် နှင့် အကောင့် မှတ်တမ်းတင်ရာတွင် ဖြည့်စွက်ခဲ့သော “သင်”၏ နာမည်၊ အီးမေလ်လိပ်စာ၊ ဖုန်းနံပါတ်၊ လျှို့ဝှက်နံပါတ်များ လုံခြုံရေးဆိုင်ရာ ကုတ်နံပါတ်များ (security codes)။
    3. (ဂ) ငွေပေးချေမှု အချက်အလက်များ- ငွေပေးချေသည့် နည်းလမ်း၊ ဘဏ်စာရင်း အမှတ်၊ မိုဘိုင်းဘဏ် (Mobile Wallets and Bankings) ဆိုင်ရာ အချက်အလက်များ၊ အကြွေးဝယ်ကဒ် သို့မဟုတ် MPU CARD, VISA CARD, MASTER CARD ဆိုင်ရာ အချက်အလက်များ၊ လက်ငင်း ငွေသားပေးချေမှု မှတ်တမ်းများနှင့် မိုဘိုင်းဘဏ်များမှတစ်ဆင့် ငွေပေးချေမှု မှတ်တမ်းများ၊
    4. (ဃ) နည်းပညာဆိုင်ရာ အချက်အလက်များ- သုံးစွဲသော မိုဘိုင်းဖုန်း အမျိုးအစား၊ စက်ပစ္စည်း ခွဲခြားခြင်း ဆိုင်ရာ အီလက်ထရာနစ် စနစ်(Device Identifier)၊ မိုဘိုင်းဖုန်း လည်ပတ်သည့် စနစ်၊ အင်တာနက် ဝန်ဆောင်မှု ဖြည့်ဆည်းပေးသူ (ISP) နှင့် IP address တို့ အပါအဝင် အခြားသော အင်တာနက် ကွန်ရက် သို့မဟုတ် ကြိုးမဲ့ ကွန်ရက်တွင် အသုံးပြုသည့် အချက်အလက်များ၊ browsing history အပါအဝင် mobile browser နှင့် ပတ်သက်သော အခြား အချက်အလက်များ၊ Log Data များ၊ ဘာသာစကားနှင့် အချိန်ဇုန် သတ်မှတ်ခြင်း အပါအဝင် အခြားသော နည်းပညာဆိုင်ရာ အချက်အလက်များ၊
    5. (င) အသုံးပြုမှု မှတ်တမ်းများ- “သင်”၏ နှစ်သက်မှု၊ ဦးစားပေးမှု၊ စိတ်ဝင်စားမှုနှင့် “သင့်”ထံမှ “ကျွန်ုပ်တို့”ဆီသို့ ပေးပို့လာသော အကြောင်းကြားချက်များ၊ အကြံပြုချက်များ၊ မေးခွန်းများ၊ မှတ်ချက်များ၊ စစ်တမ်းများအား တုံ့ပြန်ဖြေကြားမှုများ နှင့် အခြားသော အလားတူ အချက်အလက်များ ပါဝင်ပါသည်။
  3. ၁.၃။ “သင်”သည် “သင်”၏ အချက်အလက်များအား “ကျွန်ုပ်တို့”မှ စုဆောင်းရန် ခွင့်ပြုချက်ကို အချိန်မရွေးပြန်လည် ရုပ်သိမ်းနိုင်ပါသည်။ သို့ရာတွင် ထိုသို့ ရုပ်သိမ်းလိုက်သည် နှင့် တပြိုင်နက် “သင်”သည် “ကျွန်ုပ်တို့”၏ ဝန်ဆောင်မှုထဲမှ တစ်စိတ်တစ်ပိုင်းကို သို့မဟုတ် အားလုံးကို အသုံးပြုခွင့်အား စွန့်လွှတ်ပြီးဖြစ်သည်ဟု မှတ်ယူမည်ဖြစ်ပြီး “သင့်”ထံသို့ ကျွန်ုပ်တို့မှ ပေးအပ်နေသည့် ဝန်ဆောင်မှုကို ချက်ချင်းရပ်ဆိုင်းမည်ဖြစ်သည်။
  4. ၁.၄။ “သင်”၏ ကိုယ်ပိုင် သတင်းအချက်အလက်များကို “ကျွန်ုပ်တို့”ထံ ပေးအပ်ခြင်း သို့မဟုတ် “အက်ပလီကေးရှင်း”မှ ဝန်ဆောင်မှုကို အသုံးပြုခြင်းဖြင့် “သင်”သည် “သင့်”၏ ကိုယ်ပိုင် သတင်းအချက် အလက်များအား “ကျွန်ုပ်တို့”မှ စုဆောင်းရသော ရည်ရွယ်ချက်ကို နားလည် လက်ခံပြီး “ကျွန်ုပ်တို့”အား “သင့်”အချက်အလက်များကို စုဆောင်းရန် သဘောတူသည်ဟု မှတ်ယူမည် ဖြစ်ပါသည်။
  5. ၁.၅။ “သင်”၏ ကိုယ်ရေးအချက်အလက်များ မပါဝင်ပဲ အခြားသော “သင်”၏ အချက်အလက်များ၊ ပုံများနှင့် စာများကို လျှို့ဝှက်ထားရန် မလိုသော သို့မဟုတ် “သင်”၏ကိုယ်ပိုင်အနေဖြင့် မကန့်သတ်ထားသော အချက်အလက်များအဖြစ် မှတ်ယူမည် ဖြစ်ပါသည်။ “သင့်”၏ အချက်အလက်များကို “ကျွန်ုပ်တို့”ထံသို့ "သင်”ပေးပို့စဉ် သို့မဟုတ် ပေးအပ်စဉ် က အထူးမှာကြားချက် တစ်စုံတစ်ရာ မပြုလုပ်ခဲ့ပါက ထို အချက်အလက်များ အားလုံးကို “ကျွန်ုပ်တို့” စုဆောင်းရန်၊ အသုံးပြုရန်၊ သိမ်းဆည်းထားရန်၊ ကူးယူရန်၊ ထုတ်ဖော်ပြောကြားရန်၊ ဖြန့်ချီရန်နှင့် လွှဲပြောင်းရန် သဘောတူညီပြီးဖြစ်သည်ဟု မှတ်ယူပါမည်။ ထို့အပြင် “သင်”သည် “ကျွန်ုပ်တို့”ထံသို့ ပေးအပ်ပြီးဖြစ်သည့် “သင်”၏ ကိုယ်ရေးအချက်အလက်များမှာ အစစ်အမှန်များသာဖြစ်ကြောင်းကို အာမခံပြီး ဖြစ်သည်ဟု ဤမူဝါဒ အသက်ဝင်သည်နှင့် မှတ်ယူရမည်။
၂။ အချက်အလက်များ စုဆောင်းသည့် နည်းလမ်း
  1. ၂.၁။ “ကျွန်ုပ်တို့”သည် “သင့်”ထံမှ တိုက်ရိုက်ရရှိလာသော အချက်အလက်များကို လည်းကောင်း၊ “အက်ပလီကေးရှင်း”မှ တစ်ဆင့် “ကျွန်ုပ်တို့”၏ ဝန်ဆောင်မှုအား အသုံးပြုခြင်းဖြင့် သော်လည်းကောင်း “ကျွန်ုပ်တို့”၏ ဝန်ဆောင်မှု အဆင်ပြေ လွယ်ကူစေရန် “ကျွန်ုပ်တို့”နှင့် လက်တွဲ လုပ်ကိုင်သည့် အခြားသောလူပုဂ္ဂိုလ် သို့မဟုတ် လုပ်ငန်း (third parties) ထံမှ လည်းကောင်း “သင့်”၏ အချက်အလက်များကို စုဆောင်းသွားမည် ဖြစ်ပါသည်။
  2. ၂.၂။ “သင့်”ထံမှ တိုက်ရိုက် ပေးပို့သော “သင်”၏ ကိုယ်ရေးအချက်အလက်များကို “အက်ပလီကေးရှင်း” တွင် အကောင့်အား မှတ်ပုံတင်စဉ် နှင့် “သင်”၏ အကောင့်သို့ ပြန်လည် ဝင်ရောက်စဉ် (Log in) တွင် “ကျွန်ုပ်တို့” အလိုအလျောက် စုဆောင်းသွားမည်ဖြစ်ပါသည်။
  3. ၂.၃။ “သင်”၏ နည်းပညာဆိုင်ရာ အချက်အလက်များနှင့် “သင်”၏ တည်နေရာနှင့် သက်ဆိုင်သော အချက်အလက်များကို “ကျွန်ုပ်တို့” ဝန်ဆောင်မှု အသုံးပြုနေစဉ် စုဆောင်းသွားမည် ဖြစ်ပြီး အွန်လိုင်းဖောင် ဖြည့်သွင်းရန် နှင့် ဖုန်း သို့မဟုတ် အီးမေးလ်ဖြင့် “ကျွန်ုပ်တို့”ထံ ဆက်သွယ်ချိန် ပေးအပ်သော အချက်အလက်များကိုလည်း “ကျွန်ုပ်တို့” အလိုအလျှောက် စုဆောင်းသွားမည် ဖြစ်ပါသည်။
  4. ၂.၄။ သင်မှ website အား ဝင်ရောက်ချိတ် အသုံးပြုခြင်းနှင့် စပ်လျဉ်း၍ Cookies များကို အလိုအလျောက်ဖြစ်စေ၊ သင်၏ သဘောတူညီချက်ကို ကြိုတင်တောင်းခံခြင်းဖြင့် ဖြစ်စေ အခြေအနေအလိုက် သင့်တော်သလို စုဆောင်းမည်ဖြစ်သည်။ Cookies များကို စုဆောင်းခြင်းဖြင့် ကျွန်ုပ်တို့၏ website ကို ကောင်းမွန်စွာလည်ပတ်နိုင်စေရန်နှင့် ဝန်ဆောင်မှုများအား ပိုမိုအထောက်အကူဖြစ်စေမည်ဖြစ်သည်။
  5. ၂.၅။ အပိုဒ် ၂.၁ တွင် ဖော်ပြခဲ့သော “ကျွန်ုပ်တို့”၏ ဝန်ဆောင်မှု အဆင်ပြေ လွယ်ကူစေရန် “ကျွန်ုပ်တို့”နှင့် လက်တွဲ လုပ်ကိုင်သည့် အခြားသော လူပုဂ္ဂိုလ် သို့မဟုတ် လုပ်ငန်း (third parties) ဆိုသောစကားရပ်တွင်- “ကျွန်ုပ်တို့”၏ စီးပွားရေး မိတ်ဖက်များနှင့် နည်းပညာ၊ငွေပေးချေမှု၊ ပစ္စည်းပို့ဆောင်ရေး၊ အချက်အလက် ခွဲခြမ်းစိတ်ဖြာမှု (Data Analytics Providers)နှင့် ကြော်ငြာ ကွန်ရက်များ (Advertising Network) အတွက် သီးသန့် စာချုပ် ချုပ်ဆိုထားသော လူ သို့မဟုတ် လုပ်ငန်းများ ပါဝင်ပါသည်။
၃။ အချက်အလက်များအား အသုံးပြုသည့် နည်းလမ်း
  1. ၃.၁။ “ကျွန်ုပ်တို့”သည် “သင့်"၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကို အခြား လူပုဂ္ဂိုလ်၊အဖွဲ့အစည်းနှင့် ကုမ္ပဏီများထံသို့ ရောင်းချခြင်း သို့မဟုတ် ငှားရမ်းခြင်းများ မပြုလုပ်ပါ။
  2. ၃.၂။ ကျွန်ုပ်တို့သည် သင့်ထံမှ ရရှိသော အချက်အလက်များကို အောက်ပါ နည်းလမ်းများ အတွက်သာ အသုံးပြုသွားပါမည် -
    1. (က) အကောင့် ဖန်တီးရန်နှင့် မှတ်ပုံတင်ပေးရန်၊ အကောင့်အား ပြန်လည် ဝင်ရောက်ချိန်တွင် စစ်ဆေးရန် ( verify while Login) နှင့် အကောင့်ကို စီမံရန်၊
    2. (ခ) “ကျွန်ုပ်တို့”၏ ဝန်ဆောင်မှုများကို ဆက်လက် ထိန်းသိမ်းရန်နှင့် အဆင့်မြှင့်တင်ရန်၊
    3. (ဂ) “သင်”၏ နှစ်သက်မှုများ နှင့် ကိုက်ညီသော ရွေးချယ်စရာများကို ဦးစားပေး၍ ဖော်ပြရန်၊
    4. (ဃ) “သင်”၏ အီးမေးလ်၊ မှတ်ချက်၊ တင်ပြချက်၊ စုံစမ်းမေးမြန်းခြင်းများနှင့် တောင်းဆိုမှုများကို တုံ့ပြန်ဆောင်ရွက်ခြင်းနှင့် သုံးစွဲသူ ဝန်ဆောင်မှုများ ဖြည့်ဆည်းပေးရန်၊
    5. (င) “ကျွန်ုပ်တို့”၏ ကြေညာချက်များ၊ နောက်ဆုံး မွမ်းမံမှု အခြေအနေများ (updates)နှင့် လုံခြုံရေး သတိပေးချက်များနှင့် လုံခြုံရေး မူဝါဒတွင် ပြောင်းလဲမှုများအား အကြောင်းကြားပေးရန်၊
    6. (စ) “ကျွန်ုပ်တို့”၏ ဝန်ဆောင်မှုများကို ရယူရန်အတွက် အက်ပလီကေးရှင်း အသုံးပြုခြင်းကို သုံးသပ်ကြည့်ရှုရန်၊
    7. (ဆ) “ကျွန်ုပ်တို့”၏ နောင်တွင်ပြုလုပ်မည့် ရောင်းချခြင်းများ၊ အရောင်းမြှင့်တင်ခြင်းများ၊ ဈေးကွက် လေ့လာခြင်းများနှင့် စစ်တမ်း ကောက်ယူခြင်းများကို “သင့်”အား အကြောင်းကြားရန်၊
    8. (ဇ) ငွေပေးချေသည့် နည်းလမ်းကို သိမ်းဆည်းထားရန်၊
    9. (ဈ) “ကျွန်ုပ်တို့”၏ ဝန်ဆောင်မှုများအား သုံးစွဲသူအများအပြားမှ တစ်ပြိုက်နက်ထဲ လိုအပ် လာသောအခါ “ကျွန်ုပ်တို့”၏ အက်ပလီကေးရှင်းကို သုံးစွဲသူ အားလုံးအတွက် အဆင်ပြေပြေနှင့် အံဝင်ခွင်ကျ ဖြစ်စေရန်စီမံထားခြင်း အပါအဝင် “ကျွန်ုပ်တို့” ဝန်ဆောင်မှုများနှင့် ရောင်းချသော ပစ္စည်းများကို တိုးတက်ကောင်းမွန်အောင် ပြုလုပ်ရန်၊
    10. (ည) သက်ဆိုင်ရာ ဥပဒေနှင့် စည်းမျည်း စည်းကမ်းများကို လိုက်နာ ဆောင်ရွက်ရန်နှင့်၊
    11. (ဋ) လိမ်လည်မှု၊ ငွေကြေးခဝါချမှု နှင့် အကောင့်အား မှားယွင်းစွာ အသုံးပြုခြင်း အပါအဝင် အခြားသော ဥပဒေနှင့် မညီသော သို့မဟုတ် အန္တရာယ်များသော သို့မဟုတ် အကျိုးယုတ်စေသော ပြုမှုဆောင်ရွက်ချက်များအား စုံစမ်းစစ်ဆေးပြီး ကြိုတင်တားဆီးရန် တို့ဖြစ်ပါသည်။
  3. ၃.၃။ “ကျွန်ုပ်တို့”သည် “သင်”၏ အချက်အလက်များကို အောက်ပါ စာချုပ်ဝင် မဟုတ်သည့် တတိယ ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းများ ထံသို့ ထုတ်ဖော်ပြောကြားမည် ဖြစ်ပါသည်။ ၎င်းတို့မှာ-
    1. (က) တည်ဆဲ ဥပဒေ၊ နည်းဥပဒေ သို့မဟုတ် စည်းမျည်းများအရ တောင်းခံလာသော ဥပဒေ စိုးမိုးရေး အေဂျင်စီ၊ အစိုးရ နှင့် ဥပဒေရေးစွဲသော အာဏာပိုင်များ၊
    2. (ခ) “ကျွန်ုပ်တို့”၏ ရှေ့နေများနှင့် အခြားသော အကြံပေး ပညာရှင်များ၊
    3. (ဂ) “ကျွန်ုပ်တို့”၏ စီးပွားရေး မိတ်ဖက်များနှင့် နည်းပညာ၊ငွေပေးချေမှု၊ ပစ္စည်းပို့ဆောင်ရေး၊ အချက်အလက် ခွဲခြမ်းစိတ်ဖြာမှု (Data Analytics Providers)နှင့် ကြော်ငြာ ကွန်ရက်များ (Advertising Network) အတွက် သီးသန့် စာချုပ် ချုပ်ဆိုထားသော ပုဂ္ဂိုလ် သို့မဟုတ် လုပ်ငန်းများနှင့်
    4. (ဃ) “ကျွန်ုပ်တို့”၏ စီးပွားရေး သို့မဟုတ် ပိုင်ဆိုင်မှုများကို ရောင်းချရန်၊ လွှဲပြောင်းရန် သို့မဟုတ် ပေါင်းစည်းရန် ရွေးချယ်လိုက်သော တတိယ ပုဂ္ဂိုလ် သို့မဟုတ် လုပ်ငန်းများ တို့ ဖြစ်ပါသည်။ “ကျွန်ုပ်တို့” စီးပွားရေးထံတွင် ပြောင်းလဲမှုများ ဖြစ်ပေါ်လာခဲ့ပါက “သင်”၏ အချက်အလက်များကို ပိုင်ရှင် အသစ်က ဤမူဝါဒတွင် ဖော်ပြထားသည့် နည်းလမ်းအတိုင်းသာ အသုံးပြုသွားမည် ဖြစ်ပါသည်။
  4. ၃.၄။ “ကျွန်ုပ်တို့”သည် “ကျွန်ုပ်တို့”နှင့် သုံးစွဲသူ မဟုတ်သည့် တတိယ ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းများကို ဤမူဝါဒပါ စည်းကမ်းချက်များကို လိုက်နာရန်၊ သင်၏ ကိုယ်ရေးအချက်အလက်များကို လေးစားရန်နှင့် တည်ဆဲဥပဒေနှင့် အညီ ဆောင်ရွက်ရန် ညွှန်ကြားထားပါသည်။ ထို့အပြင် စာချုပ်ဝင် မဟုတ်သည့် တတိယ ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းများကို သတ်မှတ်ထားသော ရည်ရွယ်ချက်နှင့် ကျွန်ုပ်တို့၏ ညွှန်ကြားချက် အတိုင်းမဟုတ်ပဲ “သင့်”၏ ကိုယ်ရေးအချက်အလက်များကို ထုတ်ဖော်ပြောကြားခြင်း မပြုရန် သို့မဟုတ် ၎င်းတစ်ဦးတည်း၏ ရည်ရွယ်ချက် နှင့် အကျိုးစီးပွားအတွက် အသုံးမပြုရန် “ကျွန်ုပ်တို့” တားမြစ်ထားပါသည်။
၄။ အချက်အလက်များအား လုံခြုံအောင် ကာကွယ်ခြင်း
  1. ၄.၁။ “ကျွန်ုပ်တို့”သည် “သင်” ၏ ကိုယ်ရေးကိုယ်တာအချက်အလက်၊ ဒေတာများ၏ ခိုင်မာမှုနှင့် လုံခြုံရေးကို သေချာစေရန်နှင့် အချက်အလက်များကို ခွင့်ပြုချက်မရှိပဲ ဝင်ရောက်ခြင်း၊ ပြောင်းလဲခြင်း၊ တလွဲအသုံးပြုခြင်း၊ အချက်အလက်များ ပျောက်ဆုံး ပျက်စီးခြင်း မှ ကာကွယ်ရန် သင့်တော်သော စီးပွားရေး လုပ်ငန်းသုံး နည်းပညာစနစ်အား အသုံးပြုထားပါသည်။ သို့သော် အင်တာနက် သို့မဟုတ် ကြိုးမဲ့စနစ်ဖြင့် ဒေတာပေးပို့မှုများ၊ အီလက်ထရော်နစ် စနစ် သိုလှောင်မှုများ၏ သဘာဝအရ “သင့်”၏ ကိုယ်ရေးကိုယ်တာအချက်အလက် ဒေတာများ၏ လုံခြုံမှုကို ရာနှုန်းပြည့် အာမခံနိုင်မည် မဟုတ်ပါ။
  2. ၄.၂။ ထို့ကြောင့် “ကျွန်ုပ်တို့”သည် “သင့်”၏ ကိုယ်ရေးကိုယ်တာအချက်အလက် ဒေတာများ၏ လုံခြုံရေးကို ကာကွယ်နိုင်ရန် အစွမ်းကုန် ကြိုးပမ်းထားသော်လည်း အင်တာနက်၏ သဘာဝအရ “ကျွန်ုပ်တို့” ထိန်းချုပ်၍ မရသော-
    1. (က) ဟက်ကာများနှင့် အန္တရာယ်ရှိသော အုပ်စုများ သို့မဟုတ် အဖွဲ့အစည်းများမှ “ကျွန်ုပ်တို့”၏ ကွန်ရက်သို့ ဥပဒေနှင့် မညီပဲ ကြားဖြတ် တိုက်ခိုက်ခြင်း၊ “ကျွန်ုပ်တို့”၏ ခွင့်ပြုချက်မရှိပဲ ဝင်ရောက်ခြင်းနှင့် အင်တာနက် ကွန်ရက်မှ တစ်ဆင့် “သင်”နှင့် “ကျွန်ုပ်တို့”ကြား လွှဲပြောင်းသော အချက်အလက်များ၏ လုံခြုံရေး၊ ခိုင်မာမှု၊သီးသန့်တည်ရှိမှု၊ ပျောက်ဆုံး ပျက်စီးမှုများ
    2. (ခ) “ကျွန်ုပ်တို့”မှ ထိုက်သင့်သော ဂရုပြုမှုဖြင့် ထိန်းချုပ်၍ မရနိုင်သော သတင်းအချက်အလက် ထိန်းသိမ်းရေး ကွန်ယက် ပြတ်တောက်ခြင်း၊ Intelligent terminals၊ အင်တာနက် ကွန်ယက်နှင့် အခြား စနစ်များ ပြတ်တောက်ခြင်း၊ ဓါတ်အားလိုင်းများ ပြတ်တောက်ခြင်းများ၊ ဆန္ဒပြခြင်းများ၊ အလုပ်သမား အငြင်းပွားမှုများ၊ သပိတ်မှောက်ခြင်းများ၊ မီးလောင်ခြင်းများ၊ ရေကြီးခြင်းများ၊ မုန်တိုင်းတိုက်ခတ်ခြင်းများ၊ ပေါက်ကွဲမှုများ၊ စစ်ပွဲများ၊ အစိုးရ (သို့မဟုတ်) အစိုးရကဲ့သို့ လုပ်ဆောင်နိုင်စွမ်းရှိသည့်အဖွဲ့အစည်းတစ်ခုခု၏ လုပ်ဆောင်မှုတစ်ခုခု၊ တရားစီရင်ရေးနှင့် အုပ်ချုပ်ရေးအေဂျင်စီများ၏ အမိန့်များနှင့် အရေးယူခြင်းများ အပြင် အခြားသော မလွန်ဆန်သော ဖြစ်ရပ်များကြောင့် “ကျွန်ုပ်တို့”၏ ဝန်ဆောင်မှုများအား အသုံးပြု၍မရသည့် အခြေအနေများနှင့် သတင်းအချက်အလက်များ ပေါက်ကြားခြင်းတို့ အတွက် “ကျွန်ုပ်တို့” တာဝန်မယူပါ။
၅။ အချက်အလက်များအား ထိန်းသိမ်းထားခြင်းနှင့် အကောင့်အားဖျက်သိမ်း ခြင်း
  1. ၅.၁။ “ကျွန်ုပ်တို့”သည် အောက်ပါ အခြေအနေများ ပေါ်ပေါက်လာပါက “သင်”၏ အချက်အလက်များကို ဖျောက်ဖျက် သို့မဟုတ် ဖျက်ဆီး ပါမည် -
    1. (က) “သင်”၏ အကောင့်အား “သင်”ကိုယ်တိုင် ပိတ်လိုက်ခြင်းအချိန် (သို့မဟုတ်) ဖျက်သိမ်းလိုက် သည့်အချိန် ၊
    2. (ခ) “သင့်” အကောင့်အား တစ်နှစ်ဆက်တိုက် အသုံးပြုခြင်း မရှိတော့သည့်အခါ၊
    3. (ဂ) “သင်”၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကို ဖျက်စီးရန် ဆန္ဒရှိကြောင်း “သင်”ကိုယ်တိုင် “ကျွန်ုပ်တို့”ထံ အသိပေးလာသောအခါ၊
    4. (ဃ) ဤမူဝါဒတွင် ဖော်ပြထားသော ရည်ရွယ်ချက်များကို လုပ်ဆောင်ရန် မလိုအပ်တော့သည့်အခါ နှင့်
    5. (င) ဥပဒေအရ ထိန်းသိမ်းထားရန် မလိုအပ်တော့သည့်ကာလသို့ ရောက်ရှိသည့် အခါများတို့ ဖြစ်ပါသည်။
  2. ၅.၂။ သို့ရာတွင် မြန်မာနိုင်ငံ၏ သက်ဆိုင်ရာ တည်ဆဲ ဥပဒေများက “သင့်”၏ အချက်အလက်များ သိမ်းဆည်းထားခြင်း မပြုရန် တားမြစ်ချက် တစ်စုံတစ်ရာ မရှိပါက “ကျွန်ုပ်တို့”သည် “သင်”၏ အချက်အလက်များကို “ကျွန်ုပ်တို့”၏ အခွင့်အရေးများကို ၊ ကာကွယ်ရန်နှင့် ကျင့်သုံးရန် ရည်ရွယ်ချက်များအတွက် ဆက်လက် ထိန်းသိမ်းထားလိုပါက ကျွန်ုပ်တို့ တစ်ဦးတည်းဆုံးဖြတ်ချက်ဖြင့် ဆက်လက်ထိန်းသိမ်းထားနိုင်ကို သင်မှ လက်ခံ သဘောတူပါသည်။ သို့သော်လည်း “သင့်”၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကို ဆက်လက်အသုံးပြု၍ မရနိုင်စေရန် “ကျွန်ုပ်တို့”မှ ကန့်သတ်ထားမည် ဖြစ်ပါသည်။
၆။ လုံခြုံရေးမူဝါဒကို မွမ်းမံ ပြုပြင်ခြင်း
  1. ၆.၁။ “ကျွန်ုပ်တို့”သည် ဤမူဝါဒကို ပြင်ဆင်ခြင်း၊ ပြောင်းလဲခြင်း၊ ခေတ်နှင့်အညီ မွမ်းမံခြင်း တို့အား အချိန်မရွေး ပြုလုပ်နိုင်မည် ဖြစ်သည်။
  2. ၆.၂။ “ကျွန်ုပ်တို့”သည် ဤမူဝါဒ တွင် ပါဝင်သော စည်းမျဉ်းစည်းကမ်းများကို လိုအပ်ပါက ပြောင်းလဲပြင်ဆင်သွားမည်ဖြစ်ပြီး “သင့်”ထံသို့ ကြိုတင်အကြောင်းကြားရန် မလိုအပ်ပဲ ထိုသို့ပြင်ဆင်ပြီးသည့် စည်းမျဉ်းစည်းကမ်းများကို လက်ရှိမူဝါဒ၏ နေရာတွင် အစားထိုး၍ ထုတ်ပြန်နိုင်သည်။
  3. ၆.၃။ ထိုသို့ ထုတ်ပြန်ပြီးသည်နှင့် တပြိုင်နက် “သင်”သည် “အက်ပလီကေးရှင်း” ကို ဆက်လက်သုံးစွဲနေခြင်းသည် ကျွန်ုပ်တို့မှ ပြင်ဆင်ထုတ်ပြန်သော မူဝါဒ အသစ်များကို သဘောတူလက်ခံပြီး ဖြစ်သည်ဟု မှတ်ယူသည်။
၇။ ဆက်သွယ်ရမည့် အသေးစိတ် အချက်အလက်များ
  1. ၇.၁။ “သင့်”ထံတွင် ဤမူဝါဒနှင့် ပတ်သက်သော မေးခွန်းများ သို့မဟုတ် “သင်”၏ ကိုယ်ရေးကိုယ်တာအချက်အလက်များ သို့မဟုတ် “ကျွန်ုပ်တို့” ဝန်ဆောင်မှုနှင့် ပတ်သက်သော မေးခွန်းများ၊ တိုင်ကြားချက်များ၊ တောင်းဆိုချက်များနှင့် အကြံပေးချက်များကို “ကျွန်ုပ်တို့”၏ အီးမေးလ်လိပ်စာ [email protected] နှင့် ဖုန်းနံပတ်များ 09797674488, 09797674499 သို့ ဆက်သွယ် ပြောကြားနိုင်ပါသည်။
၈။ အခြားအကြောင်းအရာများ
  1. ၈.၁။ အကယ်၍ ဤမူဝါဒတွင် ဖော်ပြထားသော စည်းမျဉ်းစည်းကမ်းများနှင့် စပ်လျဉ်း၍ အငြင်းပွားမှု တစ်စုံတစ်ရာ ပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုကို နှစ်ဦးနှစ်ဖက် ငြိမ်းချမ်းစွာ ဖြေရှင်းရမည်။
  2. ၈.၂။ ထိုသို့ ငြိမ်းချမ်းစွာ ဖြေရှင်း၍ မကျေအေးကြလျှင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံရှိ တရားရုံးများတွင် အငြင်းပွားမှုကို ဆက်လက်ဖြေရှင်းရမည်။
  3. ၈.၃။ ဤမူဝါဒပါ စည်းမျဉ်းစည်းကမ်းတစ်ရပ်ရပ်သည် ဥပဒေတစ်ရပ်ရပ်အရ ပျက်ပြယ်ပါက ကျန်ရှိနေသာ စည်းကမ်းစည်းကမ်းများသည် ဆက်လက် အကျိုးသက်ရောက်စေရမည်။ အကယ်၍ ဤမူဝါဒ၏ စည်းမျဉ်းစည်းကမ်းတစ်ရပ်ရပ်သည် အဓိပ္ပါယ်ကွဲလွဲမှုရှိနေပြီး တည်ဆဲဥပဒေနှင်ကိုက်ညီသော အဓိပ္ပါယ်ဖွင့်ဆိုမှုနှင့် မကိုက်ညီသော အဓိပ္ပါယ်ဖွင့်ဆိုမှု ရှိနေပါက တည်ဆဲဥပဒေနှင့် ကိုက်ညီသော အဓိပ္ပါယ်ဖွင့်ဆိုချက်ကို အတည်မှတ်ယူရမည်။