Little Stars အက်ပလီကေးရှင်းသည် အသက် ၄ နှစ်မှ ၇ နှစ်အရွယ်ကလေးများအတွက် (English for Young Learners) အင်္ဂလိပ်စာလေ့လာသင်ကြားရန် (English for Children) ရည်ရွယ်ပြုလုပ်ထားသော အင်္ဂလိပ်စာ အက်ပလီကေးရှင်းဖြစ်ပါသည်။ သင်ခန်းစာများကို အဆင့် -၃ ဆင့်ခွဲထားပြီး သင်ခန်းစာပေါင်း -၇၀ ကျော် ၊ လေ့ကျင့်ခန်းပေါင်း ၁၀၀ ကျော်တို့ဖြင့် ကလေးငယ်များအတွက် ငယ်ရွယ်စဉ်ကပင် အင်္ဂလိပ်စာအခြေခံကောင်းရရှိစေရန် အတွက် အထောက်အကူပြုစေမည်ဖြစ်ပါသည်။

အက်ပလီကေးရှင်းတွင်ပါ၀င်သော သင်ခန်းစာများသည် အင်္ဂလိပ်ဘာသာစကားကို စနစ်တကျ သင်ရိုးညွှန်းတမ်းဖြင့် (well structured and systematic), အပြန်အလှန်လေ့လာသင်ကြားမှုပုံစံအတိုင်း (interactive) လေ့လာနိုင်ရန်၊ အင်္ဂလိပ်စာ အရေး၊ အပြော၊ အဖတ်၊ နားထောင်မှုစွမ်းရည် နှင့် ဝေါဟာရများကို (vocabulary, phonics, reading, writing, listening, speaking and critical thinking skills) ပျော်ရွှင်စွာလေ့လာနိုင်ရန် (to be fun and engaging) ပြုလုပ်ပေးထားပါသည်။

Product Feature Pictures

Reading

Reading Lesson သည် သင်ခန်းစာတစ်ခုလုံး ၏ အဓိက Lesson ဖြစ်ပြီး ကလေးငယ်များသိသင့်သည့် Vocabulary များကို မိတ်ဆက်ပေးသော Lesson ဖြစ်ပါသည်။ သင်ခန်းစာ နှင့် ပတ်သက်သော စာလုံးများ၏ အသံထွက်နှင့် အဓိပ္ပာယ်ကို လေ့လာ ရသော lesson ဖြစ်ပါသည်။

Practicing

Practicing Lesson: Reading lesson တွင် လေ့လာခဲ့သော စာလုံးများကို ပိုမို၍ မှတ်မိ လာအောင် လေ့ကျင့်ပေးသော Lesson ဖြစ်ပါသည်။ ဉပမာ - Alphabet Lesson တွက် ဗျည်းအက္ခရာများကို အစဉ်လိုက်ဆိုနိုင် သကဲ့ သို့ အက္ခရာစဉ်အတိုင်း စီစဉ်တကျပြုလုပ်နိုင်အောင် Practice လုပ်ပေး သော Lesson ဖြစ်ပါသည်။

Writing

Writing/Tracing Lesson သည် ကလေးငယ်များ၏ Pre-writing skill ကိုတိုးတက်ဖွံဖြိုးလာအောင် မွမ်းမံပေးသော Lesson ဖြစ်ပါသည်။ Preschoolers ကလေးများရဲ့ လက်ချောင်းလေးများသန်မာစေရန်၊ အာရုံစူးစိုက်မှုအား ကောင်းစေရန်၊ မျက်လုံးနှင့် လက်လှုပ်ရှားမှု ဟန် ချက်ညီအောင် ကောင်းစွာထိန်းချုပ်နိုင်ရန် အတွက် အကျိူးပြုသော သင်ခန်းစာလည်း ဖြစ်ပါသည်။

Listening

Listening Lesson သည် Reading lesson ကဲ့သို့ ပင် သင်ခန်းစာများကို အကြားအာရုံ အသုံးပြု၍ လေ့လာရသောအရေးပါသည့် skill တစ်ခုဖြစ်ပါသည်။ Listening ပြုလုပ်သောအခါ ကလေးငယ်များ သည်အလိုအလျှောက် ကြားရသောအသံကို အာရုံပြုရသည့်အတွက် attention span ကို ပိုမိုတိုးမြင့်ပေးသော Lesson လည်းဖြစ်ပါသည်။

Matching

Matching Lesson တွင် ကလေးငယ်များသည် သင်ကြားခဲ့သော သင်ခန်းစာများကို ပုံစံမျိူးစုံနဲ့ ယှဉ်တွဲရမည်ဖြစ်ပါသည်။ Matching ပြုလုပ်ခြင်းသည် သင်္ချာ သဘောတရား၏ အခြေ ခံ ဖြစ်သောကြောင့် အမျိူးအစား များကို အုပ်စုခွဲနိုင်ခြင်း၊ တစ်ခုနှင့် တစ်ခုမည်သို့ ဆက်စပ်မှုရှိခြင်း နှင့် အခန်းတွင်း သင်ခန်းစာများသည် real-world နှင့် မည်သို့ ဆက်သွယ်မှုရှိခြင်းစမည့် ဆက်စပ် တွေးတောနိုင်သော အတွေးအခေါ် ကိုလည်း မြှင့်တင်ပေးပါသည်။

Memory

Memory Game Lesson လေးကတော့ ကလေးငယ်တို့ရဲ့ အမြင်အာရုံမှတဆင့် မှတ်ဉာဏ် ကို တိုးမြှင့် ပေးသော game တစ်ခုဖြစ်ပါသည်။ Short Term Memory ဟာ ဒီ Game လေးရဲ့ အဓိက သော့ချက်ဖြစ်ပြီး၊ ထိုမှတဆင့် ကလေးတို့ရဲ့ Long-Term Memory ကိုတိုးတက်ကောင်းမွန်စေမှာဖြစ်ပါသည်။

Speaking

Speaking Lesson တွင် Native Speaker Teacher နှင့် အတူ speaking လေ့ကျင့်ရမည့် Lesson ဖြစ်ပါသည်။ speaking skill သည် ကလေးတစ်ဉီးအတွက်မရှိမဖြစ်လိုအပ်တဲ့ ဖွံဖြိုးမှု့တစ်ရပ် ဖြစ်ပါသည်။