ဝန်ဆောင်မှု အသုံးပြုခြင်းဆိုင်ရာ စည်းမျဥ်းစည်းကမ်းများ

ဤဝန်ဆောင်မှုအသုံးပြုခြင်းဆိုင်ရာ စည်းမျဥ်းစည်းကမ်းများ (ဤမှနောင်တွင် “စည်းမျဉ်းစည်းကမ်းများ“ ဟု ခေါ်ဆိုသွားမည်) သည် Starfish Education (Starfish Co., Ltd.) လက်အောက်တွင်ရှိသော Future Little Stars Co., Ltd. (ဤနေရာမှ စတင်၍ “ကျွန်ုပ်”/ “ကျွန်ုပ်တို့”/ “ကုမ္ပဏီ” စသည်ဖြင့် သင့်တင့်သလိုပြောင်းလဲခေါ်ဆိုသွားမည်။) မှ ပံ့ပိုးပေးသော Little Stars English Learning Application (ဤနေရာမှ စတင်၍ “Application” ဟုသာခေါ်ဆိုသွားမည်။) ကို အသုံးပြု၍ Application ၏ ဝန်ဆောင်မှု (နောင်တွင် “ဝန်ဆောင်မှု” ဟုသာခေါ်ဆိုသွားမည်။) ရယူခြင်း အတွက် လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများဖြစ်ပြီး Future Little Stars Co.,Ltd. နှင့် သုံးစွဲသူ (ဤနေရာမှ စတင်၍ “သင်”/ “သင့်/ “သင်၏” တို့အား သင့်တင့်သလို ပြောင်းလဲခေါ်ဆိုသွားမည်။) ကြားရှိ သဘောတူစာချုပ်အဖြစ် တည်ရှိမည်ဖြစ်သည်။

သင်သည် ကျွန်ုပ်တို့၏ Application တွင် အသုံးပြုသူအဖြစ် မှတ်ပုံတင်(Register) ၍ ဝန်ဆောင်မှုများကို စတင်အသုံးပြုသည်နှင့် တပြိုင်နက် ဤစည်းမျဉ်းစည်းကမ်းများသည် သင်နှင့် ကျွန်ုပ်တို့ကြား ဥပဒေနှင့်အညီ ချုပ်ဆိုထားသည့် စာချုပ်အတိုင်းစည်းနှောင်မှုရှိမည်ကို သင်မှ သိရှိသဘောတူလက်ခံသည်ဟု အလိုအလျောက် သဘောပေါက်သက်ရောက်စေမည်။

ဝန်ဆောင်မှုအသုံးပြုခြင်းဆိုင်ရာ စည်းမျဥ်းစည်းကမ်းများ

၁။ ဝန်ဆောင်မှု အသုံးပြုခြင်း
  1. ၁.၁။ ဝန်ဆောင်မှုကို စတင်အသုံးပြုရန်အတွက် သင် သည် အသုံးပြုသူအဖြစ် အကောင့် မှတ်ပုံတင် ရမည်ဖြစ်သည်။ ထိုသို့မှတ်ပုံတင်ရာတွင် သင်၏ ကိုယ်ရေးအချက်အလက်များ ပေးရန်လိုအပ်ပြီး သင်၏ နာမည် အပြည့်အစုံ၊ ဖုန်းနံပါတ်၊ နေရပ်လိပ်စာ၊ နိုင်ငံသားမှတ်ပုံတင်နံပါတ်၊ ၊ ဘဏ်စာရင်းအချက်အလက်များ၊ လျှို့ဝှက်နံပါတ်၊ စသည်တို့ကို မှန်ကန်စွာဖြည့်စွက်ရန်လိုအပ်ပါသည်။
  2. ၁.၂။ သင်သည် သင့်အကောင့်၏ လုံခြုံရေးအတွက် တာဝန်ရှိမည်ဖြစ်ပြီး သင့် အကောင့်နှင့် User ID ကို အသုံးပြု၍ ဆောင်ရွက်သော သင်ကိုယ်တိုင်ဖြစ်စေ အခြားသူမှဖြစ်စေ လုပ်ဆောင်မှုအားလုံးအတွက် သင့်ထံတွင် တာဝန်ရှိမည်ဖြစ်သည်။ အသုံးပြုသူ၏ ပေါ့ဆမှုကြောင့် အခြားသူတစ်ဦးမှ အကောင့်လျှို့ဝှက်နံပါတ်ကို အသုံးပြုခြင်းကြောင့်ဖြစ်စေ ဤစည်းမျဉ်းစည်းကမ်းပါ ဖော်ပြချက်များကို လိုက်နာရန်ပျက်ကွက်မှု ကြောင့်ဖြစ်စေ ပေါ်ပေါက်လာသော ထိခိုက်နစ်နာမှု တစ်စုံတစ်ရာအတွက် ကျွန်ုပ်တို့ အနေဖြင့် တာဝန်ယူမည်မဟုတ်ပါ။
  3. ၁.၃။ Application တွင် သင်မှ မှတ်ပုံတင်ခြင်း ပြီးဆုံးပါက သင့်အနေဖြင့် Application တွင် ရရှိနိုင်သော ဝန်ဆောင်မှုများအား စတင်ချိတ်ဆက် အသုံးပြုနိုင်မည်ဖြစ်ပြီး သင်ရွေးချယ်ဝယ်ယူ subscribe ထားသော တစ်ခု သို့မဟုတ် တစ်ခုထက်ပိုသော သင်တန်းများ ကို တက်ရောက်နိုင်မည် ဖြစ်သည်။
၂။ ဝန်ဆောင်မှုအဖိုးအခ နှင့် ပေးချေမှု
  1. ၂.၁။ အသုံးပြုသူသည် Application တွင် စတင် မှတ်ပုံတင်သည့်ရက်မှ (၁) လ တိတိ အစမ်းသုံးကာလ အဖြစ် ဝန်ဆောင်မှု အဖိုးအခ ပေးချေရန် မလိုအပ်ဘဲ Application တွင် ရရှိနိုင်သော Main Course တစ်ခု အား ချိတ်ဆက်အသုံးပြုနိုင်မည် ဖြစ်သည်။
  2. ၂.၂။ ငွေကြေးပေးချေမှုများနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံရှိဘဏ်များနှင့် သက်ဆိုင်ရာအဖွဲ့အစည်းတို့၏ မူဝါဒတို့နှင့်အညီ လုပ်ဆောင်သွားမည်ဖြစ်ပါသည်။
  3. ၂.၃။ ဝန်ဆောင်ခအား Application တွင်ဖော်ပြထားသည့် နည်းလမ်းများအတိုင်းပေးချေနိုင်ပါသည်။

Application အသုံးပြုခြင်းဆိုင်ရာ စည်းမျဥ်းစည်းကမ်းများ

၃။ ဝန်ဆောင်မှုကို အသုံးပြုခြင်း
  1. ၃.၁။ ကျွန်ုပ်တို့၏ Application သို့မဟုတ် ဝန်ဆောင်မှု သည် နှောင့်နှေးကြန့်ကြာခြင်း၊ ချို့ယွင်းခြင်းတစ်စုံတစ်ရာမရှိဘဲ (၂၄) နာရီ လည်ပတ်နိုင်မည်ဟု ကျွန်ုပ်တို့ အလုံးစုံ အာမခံနိုင်မည် မဟုတ်ပါ။
  2. ၃.၂။ Application သည် ပြုပြင်မွမ်းမံခြင်း၊ ပြန်လည်အသစ်ပြုလုပ်ခြင်း၊ ဆိုင်းငံ့မှုများဖြစ်ပေါ်ခြင်း၊ ဝန်ဆောင်မှု ရယူနိုင်မှု မရှိခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။ Application နှင့် ဝန်ဆောင်မှုကို အသုံးပြုရာတွင် ဆိုင်းငံ့မှုများ၊ မှားယွင်းမှုတစ်စုံတစ်ရာမရှိဟု အာမ မခံနိုင်သော်လည်း ကျွန်ုပ်တို့ ဘက်မှ ထိုက်သင့်သော ကြိုးစားအားထုတ်မှုများနှင့် Application အသုံးပြုသူများ အဆင်ပြေချောမွေ့စွာ အသုံးပြုနိုင်ရန် အချိန်မီပြင်ဆင် ပေးသွားမည် ဖြစ်သည်။
၄။ Application အသုံးပြုခြင်းဆိုင်ရာ ကန့်သတ်ချက်များ
  1. ၄.၁။ Application တွင် ဖော်ပြထားသော (သို့) ကျွန်ုပ်တို့အား ပေးအပ်ထားသော သင်၏အချက်အလက်များတွင် မမှန်ကန်သော၊ အခြားသူတစ်ဦးတစ်‌‌ယောက်၏ အခွင့်အရေးများကို ရည်ရွယ်ချက်ရှိရှိ ချိုးဖောက်သော၊ အထင်လွဲမှားစေသော သို့မဟုတ် တရားမဝင်သော ကာမဆိုင်ရာ ရေးသားဖော်ပြမှုများ သို့မဟုတ် ဥပ‌ဒေကို ချိုးဖောက်နေသော၊ ဥပ‌ဒေချိုးဖောက်စေရန် အားပေးမှုဖြစ်စေသော အချက်အလက်တစ်စုံတစ်ရာပါဝင်ပါက သင့်ထံတွင် အပြည့်အဝတာဝန်ရှိသည်။
  2. ၄.၂။ သင့်အနေဖြင့် ကျွန်ုပ်တို့၏ ခွင့်ပြုချက်မရှိဘဲ ဝန်ဆောင်မှုကိုဖြစ်စေ၊ Application ရှိ စနစ်များ၊ ဆက်သွယ်ချိတ်ဆက်ထားမှုများ၊ အချက်အလက်များကို ဖြစ်စေ ဥပဒေနှင့် ဆန့်ကျင်၍ ချိတ်ဆက်ရယူခြင်း၊ နှောင့်ယှက်ခြင်း၊ ချိုးဖောက်ခြင်း၊ အန္တရာယ်ပြုရန် ကြိုးပမ်းခြင်းများ မပြုလုပ်ရပါ။
  3. ၄.၃။ သင်သည် Application ကို ထိခိုက်စေနိုင်သည့် ဗိုင်းရပ်(စ်)များ၊ အခြားအန္တရာယ်ရှိသော ပရိုဂရမ် စနစ်များ ထည့်သွင်းခြင်း၊ Application တွင် လည်ပတ်နေသော စနစ်များ၊ လုံခြုံ‌ရေးစိစစ်ချက်စနစ်များကို အန္တရာယ်ဖြစ်စေမည့် သို့မဟုတ် အနှောင့်အယှက်ဖြစ်စေမည့် လုပ်ဆောင်ချက်များကို မပြုလုပ်ရပါ။
  4. ၄.၄။ သင့်အနေဖြင့် Application ကိုဖြစ်စေ၊ အခြားအသုံးပြုသူကိုဖြစ်စေ၊ Application နှင့် ချိတ်ဆက်လျက်ရှိသော အခြားသော အဖွဲ့အစည်းများကို ဖြစ်စေ အနှောင့်အယှက် ဖြစ်စေနိုင်သော၊ ထိခိုက်မှုတစ်စုံတစ်ရာဖြစ်စေသော မည်သည့်ပြုလုပ်မှုကိုမျှ မပြုလုပ်ရပါ။
  5. ၄.၅။ သင်သည် Application နှင့် ဝန်ဆောင်မှုများ ကို ဥပဒေနှင့် ဆန့်ကျင်သော ပြုလုပ်မှုတစ်ရပ်ရပ်တွင် ပါဝင်ပတ်သက်ခြင်း သို့မဟုတ် တရားမဝင်သော လုပ်ဆောင်ချက်များကို အားပေးတိုက်တွန်းခြင်းများ အတွက် အသုံးမပြုရပါ။
  6. ၄.၆။ သင်သည် မိမိ၏မှားယွင်းမှုမှ ဖြစ်ပေါ်လာသော ကိစ္စတစ်ရပ်ရပ်အတွက် ကျွန်ုပ်တို့ ကုမ္ပဏီ နှင့် ကုမ္ပဏီ ၏တွဲဖက်အဖွဲ့အစည်းများ၊ ဒါရိုက်တာ၊ အရာရှိ၊ ဝန်ထမ်းများနှင့် အခြားဝန်ဆောင်မှုအသုံးပြုသူများကို ခြိမ်းခြောက်တောင်းဆိုခြင်း၊ အကြပ်ကိုင်ခြင်း၊ တာဝန်ခံခိုင်းခြင်း၊ ငွေကြေးတစ်စုံတစ်ရာ ကျခံခိုင်းခြင်းများ မပြုလုပ်ရပါ။
  7. ၄.၇။ သင်သည် ကျွန်ုပ်တို့မှချမှတ်ထားသော ဤစည်းမျဥ်းစည်းကမ်းများကို ချိုးဖောက်သည် သို့မဟုတ် ဥပဒေနှင့် ဆန့်ကျင်သော ပြုလုပ်မှုတစ်စုံတစ်ရာကို ပြုလုပ်သည်၊ ပါဝင်ပတ်သက်သည်ဟု တွေ့ရှိပါက ကျွန်ုပ်တို့ အနေဖြင့် ဝန်ဆောင်မှုပေးခြင်းကို ချက်ချင်းဖျက်သိမ်းသွားမည်ဖြစ်ပြီး ဥပဒေကြောင်းအရလည်း အရေးယူမှုများ ပြုလုပ် သွားမည်ဖြစ်ပါသည်။
  8. ၄.၈။ သင်သည် ဤစည်းမျဥ်းစည်းကမ်းများ၏ အပိုဒ် ၄ ပါ တားမြစ်ချက် တစ်ရပ်ရပ်ကို ချိုးဖောက်မှုကြောင့် ကျွန်ုပ်တို့ နှင့် ကျွန်ုပ်တို့၏ ဒါရိုက်တာများ၊ အစုရှယ်ယာရှင်များ၊ ဝန်ထမ်းများ အပါအဝင် ကုမ္ပဏီ နှင့် လုပ်ငန်းသဘောအရ ဆက်စပ်နေသော မည့်သည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတို့မှ နစ်နာမှုတစ်ရပ်ရပ် ခံစားရပါက အဆိုပါ နစ်နာမှုမှ ပေါ်ပေါက်လာသော တောင်းဆိုမှုများ၊ တာဝန်ရှိမှုများ၊ ဆုံးရှုံးမှု၊ ထိခိုက်မှုများ၊ ‌‌ရှေ့နေခအပါအဝင် ကုန်ကျစရိတ်အဝဝ အတွက် ကုမ္ပဏီ နှင့် ကုမ္ပဏီ ၏ ကုမ္ပဏီဒါရိုက်တာများ၊ အစုရှယ်ယာရှင်များ၊ ဝန်ထမ်းများ အပါအဝင် ကုမ္ပဏီ နှင့် လုပ်ငန်းသဘောအရ ဆက်စပ်နေသော မည့်သည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းကိုမဆို ပြန်လည် ကုစားပေးလျော်ရမည်ဖြစ်သည်။
၅။ အသိဉာဏ်ပစ္စည်းဆိုင်ရာအခွင့်အရေး
  1. ၅.၁။ ကျွန်ုပ်တို့ ကုမ္ပဏီသည် Application နှင့် Application တွင် ဝန်ဆောင်မှုပေးသော သင်ရိုးများ၊ ပို့ချချက် (lecture)များ၊ အခြားသော အကြောင်းအရာ contents များနှင့်ပတ်သက်သော ပိုင်ဆိုင်မှုဆိုင်ရာအခွင့်အရေးများနှင့် အသိဉာဏ်ပစ္စည်းဆိုင်ရာအခွင့်အရေးများ အားလုံး၊ ကုမ္ပဏီ၏ ကိုယ်ပိုင်အမှတ်တံဆိပ်အပါအဝင် ဝန်ဆောင်မှုနှင့် အခြားဆက်စပ် ထုတ်ကုန်ပစ္စည်းများနှင့် စပ်လျဉ်း၍ အသုံးပြုသော ကုန်အမှတ်တံဆိပ်များ၊ တီထွင်မှုမူပိုင်ခွင့်များ၊ ကုန်စည်အမည်များ၊ တံဆိပ်အမှတ်အသားများ၊ ဆောင်ပုဒ်၊ ထုတ်ပိုးမှုဒီဇိုင်းများနှင့် နာမည်ကောင်းတန်ဖိုးအပါအဝင် အစရှိသည့် အသိဉာဏ်ပစ္စည်းဆိုင်ရာ အခွင့်အရေးအားလုံး အတွက် တစ်ဦးတည်း ပိုင်ဆိုင်ခွင့်ရှိသူဖြစ်သည်။ သို့ဖြစ်၍ ကျွန်ုပ်တို့ ကုမ္ပဏီ မှ စာဖြင့်တရားဝင် ခွင့်ပြုထားသူ မှလွဲ၍ မည်သူ တစ်ဦးတစ်‌ယောက်ကမှ အဆိုပါ အသိဉာဏ်ပစ္စည်းဆိုင်ရာအခွင့်အရေး တစ်စိတ်တစ်ပိုင်းကိုဖြစ်စေ၊ အားလုံးကို ဖြစ်စေ အသုံးပြုခွင့်မရှိပါ။ ခွင့်ပြုချက်မရှိဘဲ အသုံးပြုသည်ကို တွေ့ရှိပါက တည်ဆဲဥပဒေများအရ အ‌ရေးယူခြင်းခံရမည် ဖြစ်သည်။
  2. ၅.၂။ နားလည်မှုလွဲမှားခြင်း ကင်းရှင်းစေရန်အလို့ငှာ အထက်အပိုဒ် ၅.၁ အရ အသုံးပြုသူ အနေဖြင့် Application အားချိတ်ဆက် အသုံးပြု၍ သင်ရိုးများ၊ ပို့ချချက် (lecture)များ၊ အခြားသော အကြောင်းအရာ contents များကို ဝန်ဆောင်မှုအဖိုးအခ ပေးချေ၍ ရွေးချယ်ဝယ်ယူ subscribe ပြုလုပ်ခြင်းသည် ၄င်းတို့နှင့်ပတ်သက်သော ပိုင်ဆိုင်မှုဆိုင်ရာအခွင့်အရေးများနှင့် အသိဉာဏ်ပစ္စည်းဆိုင်ရာအခွင့်အရေးများအား ပိုင်ဆိုင်ခွင့် ပေးအပ်ခြင်း မဟုတ်သကဲ့သို့ အသုံးပြုသူ အနေဖြင့် မည်သည့် နည်းလမ်းနှင့်မျှ သက်ဆိုင်မည် မဟုတ်ပါ။ သို့ဖြစ်၍ ကျွန်ုပ်တို့၏ ခွင့်ပြုချက်မရှိဘဲ အဆိုပါ သင်ရိုးများ၊ ပို့ချချက် (lecture)များ၊ အခြားသော အကြောင်းအရာ contents များကို အခြားမည်သည့် ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ကိုမျှ ပြန်လည် ဖြန့်ဝေခြင်း၊ ရောင်းချခြင်း၊ မိတ္တူပွားယူခြင်း၊ သင်တန်းပြန်လည်ပို့ချခြင်း သို့မဟုတ် မိမိ ပိုင်ဆိုင်မှုသဖွယ် အထင်အမြင်လွဲမှားစေသော အပြုအမူတစ်စုံတစ်ရာ လုပ်ဆောင်ခြင်း စသည်တို့အား လုံးဝ (လုံးဝ) ပြုလုပ်ခွင့် မရှိကြောင်း သိရှိလက်ခံသဘောတူပါသည်။
၆။ ပြင်ဆင်ခြင်း
  1. ၆.၁။ ကျွန်ုပ်တို့သည် ဤစည်းမျဥ်းစည်းကမ်းများကို အခါအားလျော်စွာ ဖြည့်စွက်ပြင်ဆင်ပါမည်။
  2. ၆.၂။ အဆိုပါ ဖြည့်စွက်ပြင်ဆင်မှုများအတွက် ကျွန်ုပ်တို့အနေဖြင့် သင့်အား သီးသန့်ကြိုတင်အကြောင်းကြားရန် တာဝန်ရှိမည်မဟုတ်ဘဲ Application တွင် ဖြည့်စွက်ပြင်ဆင်မှုများပြုလုပ်ထားကြောင်း သင့်လျော်သော နည်းလမ်းဖြင့် ဖော်ပြပေးမည်ဖြစ်သည်။
  3. ၆.၃။ အဆိုပါ ဖြည့်စွက်ပြင်ဆင်မှုများကို ကျွန်ုပ်တို့၏ website နှင့် Application တွင် အသုံးပြုသူများထံသို့ ထုတ်ပြန်ကြေညာပြီးသည့်နောက်ပိုင်းတွင် သင့်အနေဖြင့် ၀န်ဆောင်မှုများအား ဆက်လက်အသုံးပြုပါက ထိုသို့ပြင်ဆင်ခြင်း သို့မဟုတ် မွမ်းမံခြင်းများကို လက်ခံသဘောတူညီသည်ဟု မှတ်ယူသွားမည် ဖြစ်သည်။ သို့ဖြစ်ပါ၍ သင့်အနေဖြင့် ဤစည်းမျဉ်းစည်းကမ်းများကို အမြဲတစေ စောင့်ကြည့်ဖတ်ရှုရန် လိုအပ်ပါသည်။
၇။ တာ၀န်ရှိမှုကို ကန့်သတ်ခြင်း
  1. ၇.၁။ မည်သည့် ထိခိုက်နစ်နာမှုမျိုးဖြစ်စေကာမူ ဤစည်းမျဉ်းစည်းကမ်းများအရ ကျွန်ုပ်တို့၏ သင့်အပေါ် ကုစားမှုအနေဖြင့် ပေးလျော်ရန် တာ၀န်ရှိမှုသည် သက်ဆိုင်ရာ ဝန်ဆောင်မှုအတွက် သင်မှ ပေးချေထားသည့် စုစုပေါင်း ပမာဏထက် မကျော်လွန်စေရ။
  2. ၇.၂။ သက်ဆိုင်ရာ ဥပဒေအရ ခွင့်ပြုထားသည့် ကိစ္စရပ်မှလွဲ၍ ကျွန်ုပ်တို့ သည် အောက်ဖော်ပြပါ ကိစ္စရပ် တရပ်ရပ်နှင့် စပ်လျဥ်း၍ တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်၍ ဖြစ်ပေါ်လာသော ဆုံးရှုံးမှု၊ ထိခိုက်မှု၊ တောင်းဆိုမှု၊ တာဝန်ရှိမှုများ၊ နှင့် ကုန်ကျစရိတ်များ အတွက် သင် သို့မဟုတ် အခြားသူတစ်ဦးဦးအပေါ် တာဝန်ခံမည်မဟုတ်ပါ -
    1. (က) နည်းပညာပိုင်းဆိုင်ရာ ချို့ယွင်းမှုကြောင့်ဖြစ်စေ ကျွန်ုပ်တို့၏ ၀န်ဆောင်မှုများ သို့မဟုတ် အကောင့် အသုံးပြု၍မရခြင်းကြောင့်ဖြစ်စေ ၀န်‌ဆောင်မှုများ နှောင့်နှေးခြင်း သို့မဟုတ် အောင်မြင်စွာ မဆောင်ရွက်နိုင်ခြင်း၊
    2. (ခ) ကုမ္ပဏီ မှ ထိန်းချုပ်နိုင်သည့် အတိုင်းအတာထက် ကျော်လွန်သည့် ပုံမှန်မဟုတ်သော၊ မမြင်နိုင်သော အခြေအနေများ၊
    3. (ဂ) မိုဘိုင်းငွေပေးချေမှုစနစ်ဖြင့် ပေးချေမှု မအောင်မြင်ခြင်း အပါအ၀င် ဆက်သွယ်ရေး ၀န်ဆောင်မှုပေးသူတစ်ဦးဦးကြောင့် သို့မဟုတ် အခြားအကြောင်းအခြေအနေ တစ်ခုခုကြောင့် ငွေလွှဲပြောင်းရာတွင် ပြတ်တောက်မှု၊ ကြန့်ကြာမှု၊ မှားယွင်းမှု၊ မိုဘိုင်းဆက်သွယ်ရေး ပြတ်တောက်မှုများ၊
    4. (ဃ) ဤစည်းမျဥ်းစည်းကမ်းများမှ ဖြစ်ပေါ်လာသော အခြားအကြောင်းတစ်စုံတစ်ရာ။
  3. ၇.၃။ အကယ်၍ သက်ဆိုင်ရာ ဥပဒေများမှ နောက်ဆက်တွဲဖြစ်ပေါ်လာသော အဆိုပါ ထိခိုက်နစ်နာမှုများအတွက် တာဝန်ရှိမှုကို ကန့်သတ်ခြင်း သို့မဟုတ် ထုတ်ဖယ်ခြင်း သို့မဟုတ် တားမြစ်ခြင်းများ ရှိပါက ကျွန်ုပ်တို့ အနေဖြင့် ဥပဒေအရ ခွင့်ပြုထားသော အတိုင်းအတာအထိသာ တာဝန်ခံမည်ဖြစ်သည်။
၈။ လွှမ်းမိုးဥပဒေ နှင့် အငြင်းပွားမှုဖြေရှင်းခြင်း
  1. ၈.၁။ ဤစည်းမျဉ်းစည်းကမ်းများကို မြန်မာနိုင်ငံဥပဒေများက လွှမ်းမိုးမည်ဖြစ်သည်။
  2. ၈.၂။ မည်သည့် အငြင်းပွားမှုမဆို ဖြစ်ပေါ်ပါက သင် နာမည်၊ နေရပ်လိပ်စာ၊ ဆက်သွယ်ရန် အချက်အလက်များ၊ အငြင်းပွားမှု ဖြစ်စေသော အကြောင်းအရာ၊ တောင်းဆိုသော သက်သာခွင့်/ကုစားမှု အားလုံးကို စာဖြင့်ရေးသားထားသော “အငြင်းပွားမှု အကြောင်းကြားစာ” ကို ပို့ရမည်။ အသုံးပြုသူသည် အငြင်းပွားမှု အကြောင်းကြားစာကို [email protected] သို့ mail ပေးပို့၍ဖြစ်စေ၊ hotline ဖုန်းနံပါတ် 09797674488, 09797674499 သို့ ဆက်သွယ်၍ဖြစ်စေ ပေးပို့နိုင်သည်။
  3. ၈.၃။ ဤသဘောတူညီမှု နှင့် စပ်လျဉ်း၍ မည်သည့် အငြင်းပွားမူ မဆို အကြောင်းကြားစာပေးပို့ပြီး ထိုအငြင်းပွားမူကို နှစ်ဦးနှစ်ဖက်မှ (၁၄) ရက်အတွင်း နှစ်ဦးနှစ်ဖက် ငြိမ်းချမ်းစွာ ဖြေရှင်းရမည်။ ထိုသို့ ငြိမ်းချမ်းစွာဖြေရှင်း၍ မကျေအေးကြလျှင် အငြင်းပွားမူကို မြန်မာနိုင်ငံရှိ စီရင်ပိုင်ခွင့်ရှိသော သက်ဆိုင်ရာ တရားရုံးတွင် ဥပဒေ နှင့် အညီ ဆုံးဖြတ် ဖြေရှင်းရမည်။
၉။ အထွေထွေပြဌာန်းချက်များ
  1. ၉.၁။ ဤစည်းမျဉ်းစည်းကမ်းများနှင့်တကွ လုံခြုံရေးမူဝါဒ (Privacy Policy) နှင့် အခြားဥပဒေအရ အကြောင်းကြားစာများကို စုပေါင်း၍ သင်နှင့် ကျွန်ုပ်တို့၏ နှစ်ဦးသဘောတူစာချုပ် တစ်ခုလုံးအဖြစ် တည်ရှိမည် ဖြစ်သည်။
  2. ၉.၂။ အကယ်၍ ဤစည်းမျဉ်းစည်းကမ်းများ၏ စည်းမျဉ်းစည်းကမ်းတစ်ရပ်ရပ် သို့မဟုတ် တစ်စိတ်တစ်ပိုင်းသည် အကြောင်း တစ်စုံတစ်ရာကြောင့် တရားမဝင်ခြင်း၊ ဥပဒေအရပျက်ပြယ်ခြင်း သို့မဟုတ် ဆောင်ရွက်မှုမပြုနိုင်ခြင်း ဖြစ်ပေါ်ပါက အဆိုပါစည်းမျဉ်းစည်းကမ်းတစ်ရပ်ရပ်ကို ပျက်ပြယ်သည်ဟု မှတ်ယူရမည်ဖြစ်ပြီး ကျန်ရှိနေသော စည်းကမ်းချက်များသည် အပြည့်အဝ အာဏာသက်ရောက် စေရမည်။
  3. ၉.၃။ ဤစည်းမျဉ်းစည်းကမ်းများတွင် အတိအလင်းဖော်ပြထားသည်မှလွဲ၍ ဤစည်းမျဉ်းစည်းကမ်းများပါ စည်းမျဉ်းစည်းကမ်း တစ်ရပ်ရပ်အား ဖောက်ဖျက်မှုတစ်ရပ်ရပ်ကို သက်ညှာပေးခြင်းသည် နောက်ဆက်တွဲ ဖောက်ဖျက်မှု တစ်ရပ်ရပ်ကိုပါ သက်ညှာပေးခြင်းဟု မှတ်ယူခြင်းမပြုရ။ ဤစည်းမျဉ်းစည်းကမ်းများအရ သို့မဟုတ် ဥပဒေအရ ပေးအပ်ထားသည့် အခွင့်အရေး သို့မဟုတ် ကုစားမှုတစ်ရပ်ရပ်ကို မကျင့်သုံးရုံမျှဖြင့် အဆိုပါ အခွင့်အရေး သို့မဟုတ် ကုစားမှုတစ်ရပ်ရပ်ကို စွန့်လွှတ်သည် သို့မဟုတ် ရုပ်သိမ်းသည်ဟု မှတ်ယူခြင်းမပြုရ။ ထို့အတူ အဆိုပါ အခွင့်အရေး သို့မဟုတ် ကုစားမှုတစ်ရပ်ရပ်ကို နောင်တွင် အသုံးပြုခြင်းကို တားဆီးပိတ်ပင်ခြင်း မရှိစေရပါ။
  4. ၉.၄။ ကျွန်ုပ်တို့ကုမ္ပဏီသည် ရန်သူမျိုးငါးပါး နှင့် အာဏာပိုင်တရပ်ရပ်၏အပြုအမူ၊ သပိတ်မှောက်ဆန္ဒပြခြင်း၊ ကုန်သွယ်မှု ပိတ်ပင်ခြင်း၊ သဘာဝ ဖြစ်ရပ်များနှင့် အခြားသော ကြိုတင်မျှော်မှန်းနိုင်ခြင်းမရှိသော ဖြစ်ရပ်များ အပါအဝင် ထိန်းချုပ်၍မရသော အကြောင်းရင်းများကြောင့် ဝန်ဆောင်မှုများ ပျက်ကွက်ခြင်း၊ ကြန့်ကြာခြင်းများအတွက် တာဝန်မရှိစေရ။ ဤစည်းမျဉ်းစည်းကမ်းများအရ ဆောင်ရွက်ရန်များကို အဆိုပါ ဖြစ်ရပ်များ ပြီးဆုံးသည့်တိုင် ရပ်ဆိုင်းထားမည်ဖြစ်သည်။ အဆိုပါ မလွန်ဆန်နိုင်သောဖြစ်ရပ်များ ဆက်လက်ဖြစ်ဆဲ ကာလအတွင်း ကုမ္ပဏီသည် အကောင့် (Account) ပိုင်ဆိုင်သူများ တစ်နည်းအားဖြင့် အသုံးပြုသူများ အပေါ် ဤစည်းမျဉ်းစည်းကမ်းများပါ ဆောင်ရွက်ရန်များ ပျက်ကွက်ခြင်း၊ ကြန့်ကြာခြင်းများအတွက် မည်သူ့မှ တာဝန်မရှိစေရ။
၁၀။ ဆက်သွယ်ရန်

အသုံးပြုသူသည် မေးခွန်းတစ်စုံတစ်ရာမေးမြန်းလိုပါက သို့မဟုတ် ထင်မြင်သုံးသပ်ချက် အဆိုပြုလွှာ တစ်စုံတစ်ရာ ပေးပို့လိုပါက အောက်ပါအတိုင်း ဆက်သွယ်ပေးပို့နိုင်ပါသည်။

ဝန်ဆောင်မှုအသုံးပြုခြင်းဆိုင်ရာ စည်းမျဥ်းစည်းကမ်းများ

  1. ၁.၁။ ဝန်ဆောင်မှုကို စတင်အသုံးပြုရန်အတွက် သင် သည် အသုံးပြုသူအဖြစ် အကောင့် မှတ်ပုံတင် ရမည်ဖြစ်သည်။ ထိုသို့မှတ်ပုံတင်ရာတွင် သင်၏ ကိုယ်ရေးအချက်အလက်များ ပေးရန်လိုအပ်ပြီး သင်၏ နာမည် အပြည့်အစုံ၊ ဖုန်းနံပါတ်၊ နေရပ်လိပ်စာ၊ နိုင်ငံသားမှတ်ပုံတင်နံပါတ်၊ ၊ ဘဏ်စာရင်းအချက်အလက်များ၊ လျှို့ဝှက်နံပါတ်၊ စသည်တို့ကို မှန်ကန်စွာဖြည့်စွက်ရန်လိုအပ်ပါသည်။
  2. ၁.၂။ သင်သည် သင့်အကောင့်၏ လုံခြုံရေးအတွက် တာဝန်ရှိမည်ဖြစ်ပြီး သင့် အကောင့်နှင့် User ID ကို အသုံးပြု၍ ဆောင်ရွက်သော သင်ကိုယ်တိုင်ဖြစ်စေ အခြားသူမှဖြစ်စေ လုပ်ဆောင်မှုအားလုံးအတွက် သင့်ထံတွင် တာဝန်ရှိမည်ဖြစ်သည်။ အသုံးပြုသူ၏ ပေါ့ဆမှုကြောင့် အခြားသူတစ်ဦးမှ အကောင့်လျှို့ဝှက်နံပါတ်ကို အသုံးပြုခြင်းကြောင့်ဖြစ်စေ ဤစည်းမျဉ်းစည်းကမ်းပါ ဖော်ပြချက်များကို လိုက်နာရန်ပျက်ကွက်မှု ကြောင့်ဖြစ်စေ ပေါ်ပေါက်လာသော ထိခိုက်နစ်နာမှု တစ်စုံတစ်ရာအတွက် ကျွန်ုပ်တို့ အနေဖြင့် တာဝန်ယူမည်မဟုတ်ပါ။
  3. ၁.၃။ Application တွင် သင်မှ မှတ်ပုံတင်ခြင်း ပြီးဆုံးပါက သင့်အနေဖြင့် Application တွင် ရရှိနိုင်သော ဝန်ဆောင်မှုများအား စတင်ချိတ်ဆက် အသုံးပြုနိုင်မည်ဖြစ်ပြီး သင်ရွေးချယ်ဝယ်ယူ subscribe ထားသော တစ်ခု သို့မဟုတ် တစ်ခုထက်ပိုသော သင်တန်းများ ကို တက်ရောက်နိုင်မည် ဖြစ်သည်။
  1. ၂.၁။ အသုံးပြုသူသည် Application တွင် စတင် မှတ်ပုံတင်သည့်ရက်မှ (၁) လ တိတိ အစမ်းသုံးကာလ အဖြစ် ဝန်ဆောင်မှု အဖိုးအခ ပေးချေရန် မလိုအပ်ဘဲ Application တွင် ရရှိနိုင်သော Main Course တစ်ခု အား ချိတ်ဆက်အသုံးပြုနိုင်မည် ဖြစ်သည်။
  2. ၂.၂။ ငွေကြေးပေးချေမှုများနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံရှိဘဏ်များနှင့် သက်ဆိုင်ရာအဖွဲ့အစည်းတို့၏ မူဝါဒတို့နှင့်အညီ လုပ်ဆောင်သွားမည်ဖြစ်ပါသည်။
  3. ၂.၃။ ဝန်ဆောင်ခအား Application တွင်ဖော်ပြထားသည့် နည်းလမ်းများအတိုင်းပေးချေနိုင်ပါသည်။

Application အသုံးပြုခြင်းဆိုင်ရာ စည်းမျဥ်းစည်းကမ်းများ

  1. ၃.၁။ ကျွန်ုပ်တို့၏ Application သို့မဟုတ် ဝန်ဆောင်မှု သည် နှောင့်နှေးကြန့်ကြာခြင်း၊ ချို့ယွင်းခြင်းတစ်စုံတစ်ရာမရှိဘဲ (၂၄) နာရီ လည်ပတ်နိုင်မည်ဟု ကျွန်ုပ်တို့ အလုံးစုံ အာမခံနိုင်မည် မဟုတ်ပါ။
  2. ၃.၂။ Application သည် ပြုပြင်မွမ်းမံခြင်း၊ ပြန်လည်အသစ်ပြုလုပ်ခြင်း၊ ဆိုင်းငံ့မှုများဖြစ်ပေါ်ခြင်း၊ ဝန်ဆောင်မှု ရယူနိုင်မှု မရှိခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။ Application နှင့် ဝန်ဆောင်မှုကို အသုံးပြုရာတွင် ဆိုင်းငံ့မှုများ၊ မှားယွင်းမှုတစ်စုံတစ်ရာမရှိဟု အာမ မခံနိုင်သော်လည်း ကျွန်ုပ်တို့ ဘက်မှ ထိုက်သင့်သော ကြိုးစားအားထုတ်မှုများနှင့် Application အသုံးပြုသူများ အဆင်ပြေချောမွေ့စွာ အသုံးပြုနိုင်ရန် အချိန်မီပြင်ဆင် ပေးသွားမည် ဖြစ်သည်။
  1. ၄.၁။ Application တွင် ဖော်ပြထားသော (သို့) ကျွန်ုပ်တို့အား ပေးအပ်ထားသော သင်၏အချက်အလက်များတွင် မမှန်ကန်သော၊ အခြားသူတစ်ဦးတစ်‌‌ယောက်၏ အခွင့်အရေးများကို ရည်ရွယ်ချက်ရှိရှိ ချိုးဖောက်သော၊ အထင်လွဲမှားစေသော သို့မဟုတ် တရားမဝင်သော ကာမဆိုင်ရာ ရေးသားဖော်ပြမှုများ သို့မဟုတ် ဥပ‌ဒေကို ချိုးဖောက်နေသော၊ ဥပ‌ဒေချိုးဖောက်စေရန် အားပေးမှုဖြစ်စေသော အချက်အလက်တစ်စုံတစ်ရာပါဝင်ပါက သင့်ထံတွင် အပြည့်အဝတာဝန်ရှိသည်။
  2. ၄.၂။ သင့်အနေဖြင့် ကျွန်ုပ်တို့၏ ခွင့်ပြုချက်မရှိဘဲ ဝန်ဆောင်မှုကိုဖြစ်စေ၊ Application ရှိ စနစ်များ၊ ဆက်သွယ်ချိတ်ဆက်ထားမှုများ၊ အချက်အလက်များကို ဖြစ်စေ ဥပဒေနှင့် ဆန့်ကျင်၍ ချိတ်ဆက်ရယူခြင်း၊ နှောင့်ယှက်ခြင်း၊ ချိုးဖောက်ခြင်း၊ အန္တရာယ်ပြုရန် ကြိုးပမ်းခြင်းများ မပြုလုပ်ရပါ။
  3. ၄.၃။ သင်သည် Application ကို ထိခိုက်စေနိုင်သည့် ဗိုင်းရပ်(စ်)များ၊ အခြားအန္တရာယ်ရှိသော ပရိုဂရမ် စနစ်များ ထည့်သွင်းခြင်း၊ Application တွင် လည်ပတ်နေသော စနစ်များ၊ လုံခြုံ‌ရေးစိစစ်ချက်စနစ်များကို အန္တရာယ်ဖြစ်စေမည့် သို့မဟုတ် အနှောင့်အယှက်ဖြစ်စေမည့် လုပ်ဆောင်ချက်များကို မပြုလုပ်ရပါ။
  4. ၄.၄။ သင့်အနေဖြင့် Application ကိုဖြစ်စေ၊ အခြားအသုံးပြုသူကိုဖြစ်စေ၊ Application နှင့် ချိတ်ဆက်လျက်ရှိသော အခြားသော အဖွဲ့အစည်းများကို ဖြစ်စေ အနှောင့်အယှက် ဖြစ်စေနိုင်သော၊ ထိခိုက်မှုတစ်စုံတစ်ရာဖြစ်စေသော မည်သည့်ပြုလုပ်မှုကိုမျှ မပြုလုပ်ရပါ။
  5. ၄.၅။ သင်သည် Application နှင့် ဝန်ဆောင်မှုများ ကို ဥပဒေနှင့် ဆန့်ကျင်သော ပြုလုပ်မှုတစ်ရပ်ရပ်တွင် ပါဝင်ပတ်သက်ခြင်း သို့မဟုတ် တရားမဝင်သော လုပ်ဆောင်ချက်များကို အားပေးတိုက်တွန်းခြင်းများ အတွက် အသုံးမပြုရပါ။
  6. ၄.၆။ သင်သည် မိမိ၏မှားယွင်းမှုမှ ဖြစ်ပေါ်လာသော ကိစ္စတစ်ရပ်ရပ်အတွက် ကျွန်ုပ်တို့ ကုမ္ပဏီ နှင့် ကုမ္ပဏီ ၏တွဲဖက်အဖွဲ့အစည်းများ၊ ဒါရိုက်တာ၊ အရာရှိ၊ ဝန်ထမ်းများနှင့် အခြားဝန်ဆောင်မှုအသုံးပြုသူများကို ခြိမ်းခြောက်တောင်းဆိုခြင်း၊ အကြပ်ကိုင်ခြင်း၊ တာဝန်ခံခိုင်းခြင်း၊ ငွေကြေးတစ်စုံတစ်ရာ ကျခံခိုင်းခြင်းများ မပြုလုပ်ရပါ။
  7. ၄.၇။ သင်သည် ကျွန်ုပ်တို့မှချမှတ်ထားသော ဤစည်းမျဥ်းစည်းကမ်းများကို ချိုးဖောက်သည် သို့မဟုတ် ဥပဒေနှင့် ဆန့်ကျင်သော ပြုလုပ်မှုတစ်စုံတစ်ရာကို ပြုလုပ်သည်၊ ပါဝင်ပတ်သက်သည်ဟု တွေ့ရှိပါက ကျွန်ုပ်တို့ အနေဖြင့် ဝန်ဆောင်မှုပေးခြင်းကို ချက်ချင်းဖျက်သိမ်းသွားမည်ဖြစ်ပြီး ဥပဒေကြောင်းအရလည်း အရေးယူမှုများ ပြုလုပ် သွားမည်ဖြစ်ပါသည်။
  8. ၄.၈။ သင်သည် ဤစည်းမျဥ်းစည်းကမ်းများ၏ အပိုဒ် ၄ ပါ တားမြစ်ချက် တစ်ရပ်ရပ်ကို ချိုးဖောက်မှုကြောင့် ကျွန်ုပ်တို့ နှင့် ကျွန်ုပ်တို့၏ ဒါရိုက်တာများ၊ အစုရှယ်ယာရှင်များ၊ ဝန်ထမ်းများ အပါအဝင် ကုမ္ပဏီ နှင့် လုပ်ငန်းသဘောအရ ဆက်စပ်နေသော မည့်သည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတို့မှ နစ်နာမှုတစ်ရပ်ရပ် ခံစားရပါက အဆိုပါ နစ်နာမှုမှ ပေါ်ပေါက်လာသော တောင်းဆိုမှုများ၊ တာဝန်ရှိမှုများ၊ ဆုံးရှုံးမှု၊ ထိခိုက်မှုများ၊ ‌‌ရှေ့နေခအပါအဝင် ကုန်ကျစရိတ်အဝဝ အတွက် ကုမ္ပဏီ နှင့် ကုမ္ပဏီ ၏ ကုမ္ပဏီဒါရိုက်တာများ၊ အစုရှယ်ယာရှင်များ၊ ဝန်ထမ်းများ အပါအဝင် ကုမ္ပဏီ နှင့် လုပ်ငန်းသဘောအရ ဆက်စပ်နေသော မည့်သည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းကိုမဆို ပြန်လည် ကုစားပေးလျော်ရမည်ဖြစ်သည်။
  1. ၅.၁။ ကျွန်ုပ်တို့ ကုမ္ပဏီသည် Application နှင့် Application တွင် ဝန်ဆောင်မှုပေးသော သင်ရိုးများ၊ ပို့ချချက် (lecture)များ၊ အခြားသော အကြောင်းအရာ contents များနှင့်ပတ်သက်သော ပိုင်ဆိုင်မှုဆိုင်ရာအခွင့်အရေးများနှင့် အသိဉာဏ်ပစ္စည်းဆိုင်ရာအခွင့်အရေးများ အားလုံး၊ ကုမ္ပဏီ၏ ကိုယ်ပိုင်အမှတ်တံဆိပ်အပါအဝင် ဝန်ဆောင်မှုနှင့် အခြားဆက်စပ် ထုတ်ကုန်ပစ္စည်းများနှင့် စပ်လျဉ်း၍ အသုံးပြုသော ကုန်အမှတ်တံဆိပ်များ၊ တီထွင်မှုမူပိုင်ခွင့်များ၊ ကုန်စည်အမည်များ၊ တံဆိပ်အမှတ်အသားများ၊ ဆောင်ပုဒ်၊ ထုတ်ပိုးမှုဒီဇိုင်းများနှင့် နာမည်ကောင်းတန်ဖိုးအပါအဝင် အစရှိသည့် အသိဉာဏ်ပစ္စည်းဆိုင်ရာ အခွင့်အရေးအားလုံး အတွက် တစ်ဦးတည်း ပိုင်ဆိုင်ခွင့်ရှိသူဖြစ်သည်။ သို့ဖြစ်၍ ကျွန်ုပ်တို့ ကုမ္ပဏီ မှ စာဖြင့်တရားဝင် ခွင့်ပြုထားသူ မှလွဲ၍ မည်သူ တစ်ဦးတစ်‌ယောက်ကမှ အဆိုပါ အသိဉာဏ်ပစ္စည်းဆိုင်ရာအခွင့်အရေး တစ်စိတ်တစ်ပိုင်းကိုဖြစ်စေ၊ အားလုံးကို ဖြစ်စေ အသုံးပြုခွင့်မရှိပါ။ ခွင့်ပြုချက်မရှိဘဲ အသုံးပြုသည်ကို တွေ့ရှိပါက တည်ဆဲဥပဒေများအရ အ‌ရေးယူခြင်းခံရမည် ဖြစ်သည်။
  2. ၅.၂။ နားလည်မှုလွဲမှားခြင်း ကင်းရှင်းစေရန်အလို့ငှာ အထက်အပိုဒ် ၅.၁ အရ အသုံးပြုသူ အနေဖြင့် Application အားချိတ်ဆက် အသုံးပြု၍ သင်ရိုးများ၊ ပို့ချချက် (lecture)များ၊ အခြားသော အကြောင်းအရာ contents များကို ဝန်ဆောင်မှုအဖိုးအခ ပေးချေ၍ ရွေးချယ်ဝယ်ယူ subscribe ပြုလုပ်ခြင်းသည် ၄င်းတို့နှင့်ပတ်သက်သော ပိုင်ဆိုင်မှုဆိုင်ရာအခွင့်အရေးများနှင့် အသိဉာဏ်ပစ္စည်းဆိုင်ရာအခွင့်အရေးများအား ပိုင်ဆိုင်ခွင့် ပေးအပ်ခြင်း မဟုတ်သကဲ့သို့ အသုံးပြုသူ အနေဖြင့် မည်သည့် နည်းလမ်းနှင့်မျှ သက်ဆိုင်မည် မဟုတ်ပါ။ သို့ဖြစ်၍ ကျွန်ုပ်တို့၏ ခွင့်ပြုချက်မရှိဘဲ အဆိုပါ သင်ရိုးများ၊ ပို့ချချက် (lecture)များ၊ အခြားသော အကြောင်းအရာ contents များကို အခြားမည်သည့် ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ကိုမျှ ပြန်လည် ဖြန့်ဝေခြင်း၊ ရောင်းချခြင်း၊ မိတ္တူပွားယူခြင်း၊ သင်တန်းပြန်လည်ပို့ချခြင်း သို့မဟုတ် မိမိ ပိုင်ဆိုင်မှုသဖွယ် အထင်အမြင်လွဲမှားစေသော အပြုအမူတစ်စုံတစ်ရာ လုပ်ဆောင်ခြင်း စသည်တို့ အား လုံးဝ (လုံးဝ) ပြုလုပ်ခွင့် မရှိကြောင်း သိရှိလက်ခံသဘောတူပါသည်။